International News

ဉရောပသမဂ္ဂအဖွဲ့အစည်းမှ ဗြိတိန်နှုတ်ထွက်မှုအတွက် ဉရောပပါလီမန်အမတ်များ မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ခြင်း

Last Updated:

ဉရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံတရားဝင်နှုတ်ထွက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအပေါ် ဉရောပပါလီမန် အမတ်များ အကြားဆွေးနွေးခဲ့ကြပြီး၊ ၃၁.၁.၂၀၂၀ ရက်နေ့ည သန်းခေါင်ယံအချိန်တွင် ဗြိတိန်နိုင်ငံအနေဖြင့် အီးယူမှ တရားဝင် ထွက်ခွာရန်ကိစ္စအပေါ် မဲပေးဆုံးဖြတ်ခဲ့ကြကြောင်း၊ အဆိုပါသမိုင်းဝင်မဲပေးမှုတွင် ဉရောပပါလီမန်အနေဖြင့် နှုတ်ထွက် မှုသဘောတူညီချက် Withdrawal Agreement Bill (WAB) ကို အတည်ပြုခဲ့ပြီး၊ ဉရောပသမဂ္ဂအတွင်း ဗြိတိန်နိုင်ငံ၏ (၄၇) နှစ်အကြာတည်ရှိမှုကို အဆုံးသတ်စေခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါညှိနှိုင်းဆွေးနွေးမှုသည် နှစ်နာရီကျော်အချိန် ကြာမြင့်ခဲ့ခြင်းဖြစ်ကြောင်း neweurope သတင်းဌာန၏ ၃၀.၁.၂၀၂၀ နေ့တွင် သတင်းထုတ်ပြန်ခဲ့မှုအရ သိရှိရပါသည်။

ဉရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မှုကိစ္စရပ်အတွက် ဉရောပပါလီမန်အမတ်များအကြား မဲပေးဆုံးဖြတ်ချက်ရလဒ်ကို ဉရောပပါလီမန်ဉက္ကဌဖြစ်သူ David Sassoil ကကြေညာခဲ့ရာတွင် ထောက်ခံမဲအရေအတွက် (၆၂၁) မဲ၊ ကန့်ကွက်မဲ့ (၄၉)မဲနှင့် ကြားနေမဲ (၁၃) မဲဖြစ်ကြောင်း၊ ၃၁-၁-၂၀၂၀ ရက်နေ့နောက်ပိုင်းတွင် ဗြိတိန်နိုင်ငံသည် အီးယူအဖွဲ့အစည်းမှ ထွက်ခွာခဲ့ပြီးဖြစ်ရာ အီးယူအတွက် တတိယနိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိမည်ဖြစ်သော်လည်း ၂၀၂၀ ခုနှစ် ကုန်ဆုံးချိန်အထိ အီးယူ၏ အချို့သော စည်းမျဉ်းစည်းကမ်းများ အောက်တွင်ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ အီးယူမှ ဗြိတိန်နိုင်ငံခွဲထွက်မှု အကူးအပြောင်းကာလ အတွင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အနေဖြင့် ဉရောပသမဂ္ဂနှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ရရှိရေး ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ သတင်းကဖော်ပြ ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ်-(https://www.neweurope.eu)

Category: International News